ဝိပဿနာတရားကို အခါအားလျော်စွာ ပွားများလေ့ရှိတဲ့သူတွေဟာ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို မြင်အောင် ပွားများရပါမယ်။ မိမိရဲ့ခန္ဓာကိုယ်ကို ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အခါမှာ ( ၀ါ) တ၇ားအားထုတ်နေတဲ့အခါမှာ ရုပ်တရားနာမ်တရားတွေဟာ ဖြစ်ပြီးပျက်သွားတဲ့သဘောကို ပြပါတယ်။ ဥပမာ - တရားအားထုတ်ရင်း ခြင်ကိုက်တဲ့ဝေဒနာလေး ဖြစ်တယ်ဆိုပါဆို့။အဲ့ဒီဝေဒ နာလေးကို စိတ်ကိုဘယ်မှ မလွင့်ပါးစေပဲ သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့အခါ ဝေဒနာလေးချုပ်သွား တာကို ဥာဏ်နဲ့သိရပါတယ်။ ပြီးရင် ခါးနာတာ၊ ဇက်ကြောတက်တာ၊ မိမိရဲ့တင်ပါးနှစ်ဖက်လုံး မီးလိုပူလာတာ၊ ရေခဲလိုအေးလာတာ၊ လေတွေအထက်အောက် စုံဆန်တက်လာတာ အစရှိတဲ့ ဝေဒနာတွေ အစားထိုးလာပါမယ်။ အစားထိုးလာတဲ့ဝေဒနာတွေကို စောင့်ကြည့်ရှု့မှတ်နေရင် အဲ့ဒီဝေဒနာတွေဟာလဲ ပျက်စီးပြီး တခြားဝေဒနာတွေ အစားထိုးပြန်တာပါပဲ။ အဲ့ဒီဝေဒနာတွေဟာ ...
ဝိပဿနာတရားကို အခါအားလျော်စွာ ပွားများလေ့ရှိတဲ့သူတွေဟာ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို မြင်အောင် ပွားများရပါမယ်။ မိမိရဲ့ခန္ဓာကိုယ်ကို ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အခါမှာ ( ၀ါ) တ၇ားအားထုတ်နေတဲ့အခါမှာ ရုပ်တရားနာမ်တရားတွေဟာ ဖြစ်ပြီးပျက်သွားတဲ့သဘောကို ပြပါတယ်။ ဥပမာ - တရားအားထုတ်ရင်း ခြင်ကိုက်တဲ့ဝေဒနာလေး ဖြစ်တယ်ဆိုပါဆို့။အဲ့ဒီဝေဒ နာလေးကို စိတ်ကိုဘယ်မှ မလွင့်ပါးစေပဲ သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့အခါ ဝေဒနာလေးချုပ်သွား တာကို ဥာဏ်နဲ့သိရပါတယ်။ ပြီးရင် ခါးနာတာ၊ ဇက်ကြောတက်တာ၊ မိမိရဲ့တင်ပါးနှစ်ဖက်လုံး မီးလိုပူလာတာ၊ ရေခဲလိုအေးလာတာ၊ လေတွေအထက်အောက် စုံဆန်တက်လာတာ အစရှိတဲ့ ဝေဒနာတွေ အစားထိုးလာပါမယ်။ အစားထိုးလာတဲ့ဝေဒနာတွေကို စောင့်ကြည့်ရှု့မှတ်နေရင် အဲ့ဒီဝေဒနာတွေဟာလဲ ပျက်စီးပြီး တခြားဝေဒနာတွေ အစားထိုးပြန်တာပါပဲ။ အဲ့ဒီဝေဒနာတွေဟာ ဖြစ်ပြီးရင် ပျက်သွားတယ်ဆို...